မုဒုံမြို့၌ မဟာသင်္ကြန်အတက်နေ့ ရေကစားသူများဖြင့်စည်ကား

မုဒုံ ဧပြီ ၁၆

မွန်ပြည်နယ်၊ မုဒုံမြို့၌ ၂၀၂၆ ခုနှစ် မဟာသင်္ကြန် (အတက်နေ့) မြို့နယ်ဗဟိုရေကစားမဏ္ဍပ်တွင် တေးသီချင်းဖျော်ဖြေရေးများ၊ ယိမ်းအကများ၊ ရေကစားသူများနှင့် စည်ကားလျက်ရှိသည်။

ရေသဘင်ပွဲဆင်နွှဲနေကြသော ပြည်သူများ၊ ရေပက်ခံထွက်လာကြသူများအား  မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စတုဒိသာအဖြစ် င်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်းနှင့်အအေးများ ကျွေးမွေးဧည့်ခံပြီး အတာရေပက်ဖျန်း ကစားကြသူများ၊  ပြည်သူများက အတာရေသဘင်သင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)