မွန်ပြည်နယ်

မုဒုံမြို့ ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဆီမီး (၉၀၀၀) ပန်း (၉၀၀၀) ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ၁၃၈၆ ခုနှစ် ယမန်နေ့က ဆီမီး (၉၀၀၀) ပန်း(၉၀၀၀) ပူဇော်ပွဲကို ကျင်းပသည်။

ကျိုက်မရောမြို့နယ် အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၂၀) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၀/၂၀၂၄ ဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒက်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ (၃၃၀၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုပ်မ ၄၀၁/ပုပ်မခွဲ (၁)အရ ပြစ်ဒက်မှ လွတ်ငြိမ်းခွင့်ပြုသဖြင့် ကျိုက်မရောမြို့နယ်ရှိ အကျဥ်းထောင်မှ အကျဥ်းသား (၁၆)ဦး၊ အကျဥ်းသူ(၄)ဦး စုစုပေါင်း(၂၀)ဦး လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။

ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ အကျဉ်းသား (၂၀)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် လုပ်အားရှင်များအား လွှတ်ပေးသည့် အခမ်းအနားကို ဇင်းကျိုက်၊ ရင်းငြိမ်၊ အင်ပြောင်ကုန်ထုတ်စခန်းတို့၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်အတွင်း နှစ်ဟောင်းကုန်၍ နှစ်ကူးပြောင်းသည့် နှစ်သစ်ကိုကူးပြောင်းသော အချိန်အခါသာမယ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံထမ်းအစဉ်အလာအရ သံဃာတော်များကို ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ သက်ကြီးပူဇော်ခြင်းတို့ဖြင့် ကုသိုလ်ယူလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာတံတား၌ ကျင်းပပြုလုပ်သည့် ဇီဝိတဒါနငါးလွှတ်ပွဲတွင် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ နှစ်သိန်းကျော်အား သံလွင်မြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ထည့်လွှတ်ကုသိုလ်ယူခဲ့ကြသည်။

ကမာဝက်မြို့ ဆံတော်ရှင်ကျိုက်ဇယ်စေတီတော်တွင် (၁၀၇)ကြိမ်မြောက် မွန်ရိုးရာ ဆီမီးကပ်လှူ လှည့်လည်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ် ကမာဝက်မြို့တွင် (၁၀၇) ကြိမ်မြောက် မွန်ရိုးရာ ဆီမီးကပ်လှူ လှည့်လည် ပူဇော်ပွဲကို ၁၃၈၆ ခုနှစ် မြန်မာ နှစ်ဆန်း ၁ ရက်နေ့ ဧပြီ ၁၇ ရက် ညနေပိုင်းက ကျင်းပသည်။

ကျိုက်ထိုမြို့ဘုရားသုံးဆူတောင်ပေါ်ကြီး ကျောင်းတွင်နှစ်ဆန်းတစ်ရက်နေ့၌ (၂၂) ကြိမ်မြောက် စာရေးတံမဲ နှင့် ဆွမ်းဆန်စိမ်း‌လောင်းလှူပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့ဘုရားသုံးဆူတောင်ပေါ်ကြီးကျောင်းတိုက်ရှိ ထိုင်‌တော်မူဂေါတမဗုဒ္ဓမြတ်စွာ ဘုရားကြီးရင်ပြင်‌တော်၌ (၂၂) ကြိမ်မြောက်စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ၁၃၈၆ ခုမြန်မာနှစ်ဆန်းတစ်ရက် ၊ ဧပြီလ ၁၇ ရက်နံနက် ၉နာရီတွင် စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ သည်။

သထုံအကျဉ်းထောင်မှ အကျဥ်းသား (၄) ဦး လွတ်ငြိမ်းသက်သာခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အမှတ် (၃၀/၂၀၂၄) အရ မွန်ပြည်နယ်၊ သထုံအကျဉ်းထောင်မှ အကျဥ်းသား (၄) ဦးတို့အား ဧပြီလ ၁၇ ရက်၊ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူတို့က လွတ်ငြိမ်းခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွားပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများ ကျင်းပ

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင်  မြန်မာနှစ်ဆန်း(၁)ရက်နေ့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သက်ကြီးဘိုးဘွား ပူဇော်ပွဲများနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲများကို ကျင်းပခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်ရှိ တန်ခိုးကြီးဘုရားများတွင် မဟာသင်္ကြန်အတက်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ယနေ့တွင် မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- မွန်ပြည်နယ်၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ​သင်္ကြန်အ​တက်​နေ့ကို အေးချမ်း​ပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာ ကျငပနေမှုများ လိုက်လံကြည့်ရှုအား​ပေး

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မွန်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ကို မြို့နယ်အသီးသီးတွင် ​သင်္ကြန်အတက်​နေ့ကို အေးချမ်းပျော်ရွှင်စွာနှင့် စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများသည် ဧပြီလ ၁၆ ရက်​နေ့တွင် တန်ခူးရေစင် အတာသင်္ကြန်မဏ္ဍပ်တွင် ပျော်ရွှင်စွာ ​ရေကစားခြင်း၊ သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြမှုအ​ပေါ် ကြည့်ရှုအား​ပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်