မုဒုံမြို့ ၌ “ အနန္တဇိန ဆုတောင်းပြည့် ” စေတီတော်မြတ်ကြီး စိန်ဖူးတော်နှင့် ရွှေထီး တော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ
မွန်ပြည်နယ် မုဒုံမြို့နယ် မြို့မ (၁) ရပ်ကွက် ရာမညနိကာယ ဝီရိယပါရမီကျောင်းတိုက်တွင် တည်ထားကိုးကွယ်မည့် ”အနန္တဇိန ဆုတောင်းပြည့်”စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောင်းဝင်းအတွင်း၌ ကျင်းပသည်။