မွန်ပြည်နယ်

ကျိုက်ထိုမြို့‌နယ် မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများအား ရေသွားရောက်လှူဒါန်း

မွန်ပြည်နယ်၊ ကျိုက်ထိုပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်၌ သောက်သုံးရေရှားပါးသည့် မြို့ပေါ်ရပ်ကွက်များသို့ရေဂါလံ (၃၄၄၅၀) ခန့် သွားရောက်လှူဒါန်း

 မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှု မရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌  ပြည်သူ့များအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဦးစီးမှူး ရုံးကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းသား/သူ (၂၀၄)ဦး လွတ်မြောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် မြန်မာနှစ်သစ် မင်္ဂလာအခါသမယအထိမ်း အမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၃၃၀၃ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ရာ အကျဉ်းဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးကွပ်ကဲမှု အောက်ရှိ အကျဉ်းထောင်/အချုပ်ထောင်/ စခန်းအသီးသီးမှ အကျဉ်းသား (၁၆၃)ဦး၊ အကျဉ်းသူ (၄၁)ဦး စုစုပေါင်း (၂၀၄)ဦး လွတ်မြောက် ခဲ့သည်။

မွန်ပြည်နယ်အတွင်း ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်အတွင်းရှိ သထုံ၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ကျိုက်ထို၊ မုဒုံ မော်လမြိုင်၊ ကျိုက်မရော မြို့နယ်များရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများ၊ ယာယီနေရပ်စွန့်ခွာစခန်းများ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များတွင် ငှက်ဖျားရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို

ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာနေပြည်သူများအတွက် နေအိမ်အရောက် သောက်သုံးရေများ သွားရောက်လှူဒါန်း

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး နွေရာသီတွင် ကျေးရွာ/ရပ်ကွက်များရှိ ပြည်သူများ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရည်ရွယ်ပြီး မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ပြီး ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာရှိ ရေလှောင်ကန်နှင့် နေအိမ် များသို့သောက်သုံးရေများ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ဖြန့်ဝေပေးခဲ့ သည်။

ကျိုက်ထိုမြို့နယ်ရှိ အကျဉ်းစခန်း (၂)ခုမှ  အကျဥ်းသား၊ အကျဉ်းသူ (၈)ဦး လွတ်ငြိမ်းခွင့်ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၃၀/၂၀၂၄)အရ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကျဉ်းစခန်း (၂)ခုမှ အကျဥ်းသား/သူ (၈)ဦးတို့အား ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က ရာဇဝတ်ကျင့်ထုံးပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းချက်ဖြင့် ၎င်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအားလျှော့ပေါ့၍ တာဝန်ရှိသူများက လွတ်ငြိမ်းခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ မြန်မာနှစ်ဆန်း (၂) ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကျင်းပပြုလုပ်သော မြန်မာနှစ်ဆန်း (၂)ရက်နေ့ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မုရောင်းကျေးရွာ မြဆည်းဆာဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံကြိမ်ရွှတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မြဆည်းဆာဆရာတော်ထံမှ တက်ရောက်လာသော ဘိုးဘွားများနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

မုဒုံမြို့ ကန်ကြီးစေတီတော်မြတ်ကြီးတွင် ဆီမီး (၉၀၀၀) ပန်း (၉၀၀၀) ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့ ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင် ၁၃၈၆ ခုနှစ် ယမန်နေ့က ဆီမီး (၉၀၀၀) ပန်း(၉၀၀၀) ပူဇော်ပွဲကို ကျင်းပသည်။

ကျိုက်မရောမြို့နယ် အကျဥ်းထောင်မှ အကျဥ်းသား၊ အကျဥ်းသူ (၂၀) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၀/၂၀၂၄ ဖြင့် အကျဥ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒက်ကျခံလျက်ရှိသော အကျဥ်းသား၊ အကျဥ်းသူ (၃၃၀၃)ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုပ်မ ၄၀၁/ပုပ်မခွဲ (၁)အရ ပြစ်ဒက်မှ လွတ်ငြိမ်းခွင့်ပြုသဖြင့် ကျိုက်မရောမြို့နယ်ရှိ အကျဥ်းထောင်မှ အကျဥ်းသား (၁၆)ဦး၊ အကျဥ်းသူ(၄)ဦး စုစုပေါင်း(၂၀)ဦး လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။

ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ အကျဉ်းသား (၂၀)ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် အကျဉ်းဦးစီးဌာနမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သည့် လုပ်အားရှင်များအား လွှတ်ပေးသည့် အခမ်းအနားကို ဇင်းကျိုက်၊ ရင်းငြိမ်၊ အင်ပြောင်ကုန်ထုတ်စခန်းတို့၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်