ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကျေးရွာများ၏ ဝင်ငွေတိုးပွားရေး ကဏ္ဍရန်ပုံငွေပြန်လည်ပေးအပ်ခြင်းပြုလုပ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာများ၏ ဝင်ငွေတိုးပွားရေးကဏ္ဍအရင်းနှင့် အတိုးများလွှဲပြောင်းအပ်နှံခြင်းနှင့် ရန်ပုံငွေပြန်လည်ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက စိုက်ပျိုးရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ရာစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးဦးမျိုးမင်းထွန်း၊ သထုံခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်နှင့် ဝန်ထမ်းများကကျေးရွာ (၅) ရွာမှ ကော်မတီဝင်များ တက်ရောက်ခဲ့သည်။