မုဒုံမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်

မုဒုံ ဖေဖော်ဝါရီ ၆

မွန်ပြည်နယ်မုဒုံမြို့၌  ၂၀၂၆ ခုနှစ် (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။

ဦးစွာ မုဒုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းက နိုင်ငံတော် အလံအလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတို့ကို ယခုနှစ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သတ်ဆိုင်ရာဌာနများအလိုက်လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ၊ အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းများနှင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိများက ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍအလိုက် ရှင်းလင်းတင်ပြ၍ လိုအပ်သည်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)