မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ပြည်နယ်လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မော်လမြိုင် ဖေဖော်ဝါရီ ၁၁

လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းကို ဖြေရှင်းနိုင်ရန်နှင့် နောက်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်ရန်ဆောင်ရွက်မည့် စံပြလုပ်ထုံး လုပ်နည်းများနှင့်ပတ်သက်၍ ပြည်နယ်လုပ်ငန်းကော်မတီ၏ (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က လယ်ယာမြေပေါ်တွင် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့် အညီ ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းအသုံးပြုမှုများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ် မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ (SOP) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ပြည်နယ်အဆင့်လုပ်ငန်းကော်မတီများအနေဖြင့်စံပြုလုပ်ထုံးလုပ်နည်းများ (SOP) ပါသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းတာဝန်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူဦးရေ တိုးတက်လာခြင်း၊ စီးပွားရေးအဆောက်အအုံများ တိုးတက်လာခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူများ အကျိုးစီးပွားအလို့ငှာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းတို့အတွက် မြို့ပြစီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းစီမံကိန်းများ၊ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းများအတွက် အသုံးပြုရန်မြေနေရာလို အပ်ပါကလည်း (SOP) ပါပြဌာန်းချက်များနှင့်အညီ အနာဂတ်အသုံးပြုမှုစီမံကိန်းများ ရေးဆွဲဆောင်ရွက်ထားရှိရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ကြေးတိုင်နှင့် ​မြေစာရင်း ဦးစီးဌာန ပြည်နယ်မှူးမှ လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းကို ဖြေရှင်းနိုင်ရန်နှင့် နောက်ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းချုပ်ရန် ဆောင်ရွက်မည့် စံပြ လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်လုပ်ငန်းကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း တင်ပြခဲ့ကြပြီး မွန်ပြည်နယ်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ