ဘီးလင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆရာစံ ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းလိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။