မွန်ပြည်နယ်

မုဒုံမြို့၌ ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်နှင့် စစ်ဆေးအကဲဖြတ်ခြင်းသင်တန်းဆင်းပွဲကျင်းပ

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁)နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဉ်(၁၃)သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ) စိုက်ပျိုးရေးအသက်မွေးမှု သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သံဖြူဇရပ်မြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကျောင်းစာကြည့်တိုက်များနှင့် ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ မျိုးစေ့ချကိရိယာ(seeder)ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့်တောင်သူများ မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စနစ်တကျစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက နတ်မှော်ကျေးရွာ ကွင်းအမှတ်-၇၇၉(က)ရှိ တောင်သူဦးသန်းထွန်းဝင်း၏ မိုးစပါးစိုက်ဧက(၁၁)ဧကတွင် ဆင်းသုခမျိုးစပါးအား မျိုးစေ့ချကိရိယာ(seeder)ဖြင့် စိုက်ပျိုးမှုကွင်းသရုပ်ပြပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ)နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်၌ မိုးရာသီသစ်ပင်(နှစ်ရှည်ပင်)စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်(နှစ်ရှည်ပင်)စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်းရွာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁)ဆင်းပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၁) ဆင်းပွဲအခမ်းအနားကို ယမန်နေ့‌ နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အမှုထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မွန်ပြည်နယ်၊‌ ကျိုက်ထိုမြို့နယ်တွင် အမှုထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီ မုတ်သုန်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်၊ မိုးရာသီမုတ်သုန်ဖလားဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်ဂေါက်ကလပ်(ငန်းတေး)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက် အားကစားသမားများ တက်ရောက်သည်။

ပေါင်မြို့နယ်တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ယနေ့မွန်းလွဲ (၂)နာရီက (အ.ထ.က ) မုတ္တမကျောင်း၌ စာဖတ်စွမ်းရည်၊ ကဗျာရွတ်၊ ပုံပြောပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွါးရေးသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ် ဥပဒေအသိပညာပြန့်ပွါးရေးသင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားတိုင်းအနေဖြင့်ဥပဒေကို သိရှိလိုက်နာရန်လိုအပ်ပြီး ဥပဒေပညာရပ်ကို ကျယ်ပြန့်စွာ သင်ကြားပေးနိုင်ရန် အသိပညာပေးခြင်းသည် အရေးပါသော အခန်းကဏ္ဍာတွင်ပါဝင်နေသည့်အတွက် ယခုလို ဥပဒေအသိ ပညာပြန့်ပွားရေး သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပါကြောင်း၊

မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ ​တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ​ဇူလိုင်လ ၄ ရက်​နေ့၊ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ​ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ပေါင်မြို့နယ် အမျိုးသမီး ဘောလုံးအသင်းနှင့် ​​ကျိုက်မရောမြို့နယ် အမျိုးသမီး ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်