ကျိုက်မရော ဇူလိုင် ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အ.ထ.က(ခွဲ)ရေတွင်းကုန်း ကျောင်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် အသိပညာပေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ အ.ထ.က (ခွဲ)ရေတွင်းကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသက်မွန်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ဟောပြောသည်။
ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်မြင့်သက်ထွေးက ကလေးသူငယ် ဥပဒေနှင့် မူးယစ်ဆးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)