မွန်ပြည်နယ်၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇူလိုင် ၅

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ ​တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ် အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ​ဇူလိုင်လ ၄ ရက်​နေ့၊ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမည အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ​ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ ပေါင်မြို့နယ် အမျိုးသမီး ဘောလုံးအသင်းနှင့် ​​ကျိုက်မရောမြို့နယ် အမျိုးသမီး  ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက ပွဲစဉ်အလိုက် အ​ကောင်းဆုံး ကစားသမားဆုများ၊ ​နေရာအလိုက် အ​ကောင်းဆုံး ကစားသမားဆုများအားလည်း​ကောင်း၊ ဒုတိယဆု၊ ပူးတွဲတတိယဆုများ ရရှိကြသည့် ပြိုင်ပွဲဝင် ​ဘောလုံးအသင်းများအားလည်း​ကောင်း တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ အသီးသီး​ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား  (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကျိုက်မရောမြို့နယ် ဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များ၊ ​ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)