မွန်ပြည်နယ်

ဘီးလင်းမြို့နယ်၌ မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ပြည်နယ်အဆင့် နည်းပညာအထောက်အကူပြု အဖွဲ့တို့၏ ကြီးကြပ်မှုဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ ပါဝင်သည့် ဘီးလင်းမြို့နယ်၏ MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ဘီးလင်းမြို့နယ်ရှိ ခ-လ-ရ(၈)တပ်တွင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ထုတ်ဆီးတိုးပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ကစတင်၍ ရာမညအားကစားကွင်းတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။

သံဖြူဇရပ်၌ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်(မွန်ပြည်နယ်တာဝန်ခံ)နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မွန်​ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ဘုရင့်နောင်)ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ)၊ ပြည်နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ သံဖြူဇရပ်တပ်နယ်မှူး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ  အတွင်း ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်

မွန်​ပြည်နယ် မုဒုံမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းကို ယနေ့ နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ပြုလုပ်သည်။

ကျိုက်မရောမြို့နယ်၌ (၄၅) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နည် ကျိုက်မရောမြို့နယ်၌ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၄၅) နှစ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂ ရက် နံနက် ၇ နာရီက ကျိုက်မရော မြို့ပြည်သူ့ဆေးရုံရှေ့မှ စတင်ကာ ဆုတောင်းပြည့် ဘုရားကြီးရှေ့ မဏ္ဍပ်ထိ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းက မြို့နယ်အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပ

မွန်ပြည်နယ် သမာဝါယမစာရင်းရေး၊ စာရင်းကိုင်သက်မွေးသင်တန်းကျောင်း (မော်လမြိုင်)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့က ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအဖွဲ့လိုက် ထုပ်ဆီးထိုးပြိုင်ပွဲ(ကျား/မ)၊ ဇွန်းကိုက်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ တာတိုအပြေးပြိုင်ပွဲများ ကျင်းပပြီး

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ကျိုက်မရောမြို့နယ်၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ကျိုက်မရော)ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ လေ့လာဖတ်ရူနိုင်ရန် အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအောင်ဆွေဦး၊ အဖွဲ့ဝင်ဗိုလ်မှူးကျော်နိုင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်နှင့် ပေါင်မြို့ပေါ်ရပ်ကွက်မှ ဒေသခံပြည်သူ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

သထုံမြို့နယ်၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ကျောင်းသား/ကျောင်းသူများထံ အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်