မွန်ပြည်နယ်

မွန်ပြည်နယ်ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတက်ရောက်

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်းအခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် နံနက် ၄ နာရီ ၂၀ မိနစ်က ကျင်းပခဲ့ရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

မွန်ပြည်နယ် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားနှင့် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ထုပ်ဆီးထိုး၊ လွန်ဆွဲအားကစားပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်တရားလွတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ မော်လမြိုင်မြို့၌ ကျင်းပ

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလွတ်တန်း အမျိုးသား (10-KM)၊ အမျိုးသမီး (5-KM) မီနီမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊  ကမ်းနားလမ်း ရေပေါ်ဈေး၌ ကျင်းပသည်။

မွန်ပြည်နယ် ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့်ပညာရေးစုံညီပွဲတော် အခမ်းအနားတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ် ပညာရေးစုံညီပွဲတော်နှင့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပရာ ရှေးဦးစွာ ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊   ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မွန်ပြည်နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

မုဒုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ‌ယနေ့နံနက် ၉ နာရီက အ.ထ.က(၁)ကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့်   ထူးချွန်ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ရာပြည့်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သထုံမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်း ပြုလုပ်

မွန်​ပြည်နယ် သံဖြူဇရပ်မြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းကို ယနေ့နံနက် ၉ နာရီက ​မြို့နယ်အားကစားကွင်း မိုလုံလေလုံခန်းမ၌ ပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်(၈)နာရီက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ Installation တပ်ဆင်အသုံးပြုခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌  ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ၊ တပ်ဆင်ခြင်းများကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမတွင် တပ်ဆင်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်