မွန်ပြည်နယ်

ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောခြင်း၊ နံရံကပ် စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကိုယနေ့ နံနက်(၉)နာရီက (အမက)ကမာဘီ ကျောင်း‌‌၌ ပြုလုပ်ခဲ့သည်။

 ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်တွင် အားကစားကဏ္ဍ ​တိုးတက်အောင်မြင်မှုရှိ​စေ​​ရေးနှင့် ထူးချွန်ထက်မြတ်သည့် မျိုးဆက်သစ်အားကစားသမားများကို ​ပြုစုပျိုး​ထောင်​​မွေးထုတ်​ပေးနိုင်​ရေးအတွက် ၂၀၂၄ ခုနှစ်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀) မြို့နယ်၊ အသက် (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ ည​နေပိုင်းက၊ ​မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အားကစားဝါသနာရှင်များမှ မော်လမြိုင်မြို့နယ် အမျိုးသားဘောလုံးအသင်းနှင့် ​​ကျိုက်မရောမြို့နယ် အမျိုးသား ဘောလုံးအသင်းတို့ ဗိုလ်လုပွဲစဉ်အဖြစ် ယှဉ်ပြိုင်​ကစား​​နေမှုအား ကြည့်ရှုအား​ပေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ်ရှိ ပြည်သူများ သက်သာချောင်ချိသောဈေးနှုန်းဖြင့် စားသောက်နိုင်ရန် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်ဖြန့်ဖြူးသူများက ကျိုက်ထိုမြို့နယ်အတွင်းရှိ ပြည်သူများသက်သာ ချောင်ချိသည့်ဈေးနှုန်းဖြင့် စားသောက်နိုင်ရန်စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီတွင် မြောက်ပိုင်းရပ်ကွက် မြို့မဈေးဝင်းအတွင်း၌‌ဈေး‌ရောင်းချပေးခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကျိုက်ပိ‌ကျေးရွာ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီးတွင် (၁၅၀)ကြိမ်မြောက် ဗုဒ္ဓ ပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

ပေါင်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ညနေ (၄)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ တုံ့ပြန်ကာကွယ်ဆေး (OCV) တိုက်ကျွေးခြင်း မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ သံဃာဆောင်၌ ပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း  မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနား တက်ရောက်

၂ဝ၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မွန်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ၏ ဖျော်ဖြေတင်ဆက်မှုအခမ်းအနားကို ​ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြိုင်ပွဲများ၏ အဆို ဘာသာရပ်၊ အကဘာသာရပ်နှင့် အတီးဘာသာရပ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြမှုအပါ် ကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ မြန်မာ့သိုင်းသရုပ်ပြသခြင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က စော်ကဲ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်