ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူ

ကျိုက်ထို အောက်တိုဘာ ၁၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကျိုက်ပိ‌ကျေးရွာ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် ကျိုက်ထိုမြို့၊ ကျိုက်ပိ‌ကျေးရွာအတွင်း၌ စာရင်းကောက်သူတို့က လူဦးရေနှင့်အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိရေး အတွက် အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းနေမှုများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကံ‌စောလှိုင်၊ မြို့နယ်သန်း‌ခေါင်စာရင်း‌ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က တစ်အိမ်တက်ဆင်း လိုက်လံကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီပေးလျက်ရှိရာ ယမန်နေ့ထိ ကောက်ကွက်ပေါင်း (၇၂)ကွက်မှ အိမ်ထောင်စုပေါင်း (၉၆၉၂) အိမ်ထောင်ကောက်ယူပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

ကျိုက်ထိုပြန်/ဆက်