မွန်ပြည်နယ်

မုဒုံမြို့၌ မိုးစပါးသီးနှံ ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့တွင် မိုးစပါးသီးနှံ ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဘဲရမ်းကျေးရွာရှိ ကွင်းအမှတ် (၈၄၂ က N ၃၃) တောင်သူ ဒေါ်မတော၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ​​ယနေ့ နံနက်ပိုင်းက ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေမှုအပေါ်ကြည့်ရှု အားပေးခဲ့ကြသည်။

ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မုန့်လုပ်နည်းသင်တန်း ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ မုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်၊ စာရင်းကောက်များအား ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို   အောက်တိုဘာ ၁ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ စာရင်းစစ်၊စာ ရင်းကောက်များအား အောက်တိုဘာ (၁၄) ရက်နေ့က သန်းခေါင်စာရင်း ကောက်ကွက်များရှိ စုရပ်များတွင် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူလျက်ရှိ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ကောက်ယူလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားတက်ရောက်

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လပြည့်နေ့တွင် စတင်ဖွင့်လှစ်မည်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား (၁၃၈၆) ခုနှစ် သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ စတင်ဖွင့်လှစ်မည်ဖြစ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ တောင်ရိုးတန်းလမ်း ဦးခန္တီဘုရားရှေ့ View Point အနီး ပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများသည် ယနေ့နံနက်ပိုင်းက တောင်ရိုးတန်းလမ်း၊ ဦးခန္တီဘုရားရှေ့ View Point အနီးပတ်ဝန်းကျင်၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ (၄/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်​ရောက်

မွန်ပြည်နယ်အ​နေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၄/ ၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ​ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်​ရောက်သည်။

သံဖြူဇရပ်မြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါကာကွယ်​ဆေး(OCV) တိုက်ကျွေးခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအ​ဝေးပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်အဆင့်ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါကာကွယ်​ဆေး(OCV) တိုက်​ကျွေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးကို ယ​နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြည်သူ့​ဆေးရုံအစည်းအ​ဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်