မွန်ပြည်နယ်

သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ​မော်လမြိုင်မြို့နယ်ရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ အဘိဓမ္မာအခါတော်နေ့ဖြစ်ပြီး မော်လမြိုင်မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်အသီးသီး၊ ရပ်ကွက်လမ်းများ၌ အဘိဓမ္မာအခါတော်နေ့ပူဇော်ပွဲ၊ ဘုရားရှင်အားဆီးမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာကုသိုလ်ပြုကြသူများဖြင့် အထူးစည်ကားခဲ့ပြီး ယခုကဲ့သို့ ဝါလကင်းလွတ်သီတင်းကျွတ်ကာလတွင် ခရီးသွားပြည်သူများနှင့်ဒေသခံအပေါင်းတို့က မိသားစုအလိုက်လာရောက်ဖူးမြော်ကုသိုလ်ပြုလေ့ရှိသောကြောင့် ပိုမိုစည်ကားခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည့် စုပေါင်းပဝါရဏာပွဲ တက်ရောက် ကြည်ညို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြဆည်းဆာပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သော သုဓမ္မာဂိုဏ်းဝင် “ရွှေဥသြ” ပဝါရဏာအုပ်စု သံဃာတော်များ စုပေါင်းပဝါရဏာပွဲကို ယနေ့ နေ့နံနက်ပိုင်းက မြဆည်းဆာပရိယတ္တိစာသင်တိုက် ထွန်းသာသန ရက္ခိတဓမ္မဗိမာန်တော်တွင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေက အနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ ယနေ့နံနက် ၅ နာရီခွဲက ဆံတော်ရှင်ကျိုက်ထီးရိုးရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

(၁၅၀) ကြိမ်မြောက် မုဒုံမြို့လုံးကျွတ် မဟာသံဃိကဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ သမိုင်းဝင် ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် မြို့လုံးကျွတ်မဟာသံဃိက ဆွမ်းကြီးလောင်းလှူပွဲကို သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်က မြို့တွင်းလမ်းတစ်လျှောက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

သီတင်းကျွတ်လပြည့်နေ့တွင် မုဒုံမြို့နယ်ရှိ ဘုရားစေတီများ၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

၂၀၂၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ တန်ခိုးကြီးဘုရားစေတီများတွင် ဒေသခံပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိသည်။

သထုံမြို့နယ်အတွင်းရှိ စေတနာရှင်ပြည်သူများစုပေါင်း၍ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ‌နှင့် ရှမ်းပြည်နယ်တို့မှ ရေဘေးသင့်ပြည်သူများထံ လှူဒါန်းခဲ့မှုတို့အား အနုမောဒနာ ရေစက်ချတရားတော်နာ အခမ်းအနားကျင်းပ

သထုံမြို၊ မြသပိတ်တောင်တန်း ဘုရားငါးဆူ ဝေဘူကမ္မဌာန်းရိပ်သာကျောင်းကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာဦးဆောင်၍ သထုံမြို့နယ်အတွင်းရှိ စေတနာရှင် ပြည်သူများ စုပေါင်းကာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနှင့် ရှမ်းပြည်နယ်တို့မှ ရေဘေးသင့်ပြည်သူများထံ ကူညီထောက်ပံ့လှူဒါန်းခဲ့မှုတို့အတွက် ရေစက်ချအနုမောဒနာတရားနာယူခြင်း အခမ်းအနားကို အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်က ဗူးဘုရားစေတီတော်မြတ်ကြီး ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀)ကြိမ်မြောက် သီတင်းကျွတ် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂ဝ၂၄) သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သို့ တက်ရောက်မည့် သင်တန်းသား ၁၀၁ ဦးအား ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်၌ အခြေခံစားသောက်ကုန် ပစ္စည်းများ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေး

မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင် စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

ကျိုက်မရော၌ ယခုနှစ်ဆောင်းရာသီတွင် ဆီထွက်သီးနှံ ၁၉၆၅ ဧကစိုက်ပျိုးမည်

မွန်ပြည်နယ်၊ ကျိုုက်မရောမြို့နယ်တွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရေးပါသော စိုက်ပျိုးရေးထွက်ကုန်များအား ရည်မှန်းချက်ပြည့်မီရေးအတွက် တောင်သူများက ယခုနှစ် ဆောင်းရာသီ၌ ဆောင်းသီးနှံများ စိုက်ပျိုးရန် (၅၆၇၀)လျာထားပြီး ဆီထွက် သီးနှံ(  ၁၉၆၅)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်းမြို့နယ် ​ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ သိရသည်။
Subscribe to မွန်ပြည်နယ်