မွန်ပြည်နယ်

ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူး၍ (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (YMBA) မှ ကြီးမှူးကျင်းပသော (၃၈)ဖြာ ယဉ်ကျေးလိမ္မာသင်တန်း (၃/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ ရသေ့ကျောင်းတိုက်ရှိ ဓမ္မာရုံ၌ ကျင်းပသည်။

ပေါင်မြို့နယ်၌ တိုင်ထောင်ပဲတောင့်ရှည်များ စျေးကောင်းရရှိ၍ စီးပွားဖြစ်စိုက်ပျိုးလာ

မွန်ပြည်နယ် ပေါင်မြို့နယ်အနီး ဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသများတွင် တိုင်ထောင်ပဲတောင့်ရှည်စိုက် တောင်သူများ စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သီးတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့တွင် အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား

သီတင်းကျွတ်လသည် မြန်မာရာသီ(၁၂)လတွင် သတ္တမမြောက်လဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့တွင် အဘိဓမ္မာတရားတော်အား မြတ်စွာဘုရားရှင် ဟောကြားပြီးဆုံးသည့်နေ့ဖြစ်သည့်အတွက် အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် အားလျော်စွာ သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် လေးနက်ထူးခြားသည့် နေ့ထူးနေ့မြတ် ရက်တစ်ရက်လည်းဖြစ်သည်။

သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြား

၁၃၈၆ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာလ ၁၇ ရက်နေ့တွင် မွန်ပြည်နယ်အတွင်း မြို့နယ်များရှိ တန်ခိုးကြီးဘုရားစေတီများ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများ ကျင်းပလျက်ရှိပြီး ကုသိုလ်ဒါနပြုကြသူများ၊ ဘုရားဖူးလာ ပြည်သူများနှင့် စည်ကားများပြားခဲ့သည်။

သု၀ဏ္ဏ၀တီမြို့၌ (၇၆) ကြိမ်မြောက် သံဃာ့ပဝါရဏာပြုပွဲနှင့် အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့အတွင်းရှိ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ပဝါရဏာပြုပွဲနှင့် သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ယမန်နေ့နံနက်က ကျိုက္ကော်ရပ်ကွက်၊ ရွှေဘုံသာစေတီကုန်းတော်ပေါ်ရှိ ဓမ္မဝေပုလ္လသိမ်တော်နှင့် ဓမ္မောဒယ သာသနာ့ဗိမာန်တော်တို့၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေ၌ အပန်းဖြေရေးကစားသူများဖြင့် အထူးစည်ကားလျက်ရှိ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲကမ်း​ခြေ၌ ယနေ့နံနက်ပိုင်းမှစတင်၍ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

သထုံမြို့ရှိ သမိုင်းဝင်ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူးပြည်သူများဖြင့် စည်ကား

မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါနပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာ၌ စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် မုရစ်ကြီးကျေးရွာတွင် ရှေးနှစ်ပေါင်းများစွာကတည်းက ရိုးရာအစဉ်အလာမပျက် နှစ်စဉ်ကျင်းပခဲ့သည့် ရွာလုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပူဇော်ပွဲကို ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် ယမန်နေ့နေ့လယ်မှ ညနေအထိ မုရစ်ကြီးကျေးရွာတွင် ပဒေသာပင်များအား လှည့်လည်ပူဇော်ခဲ့ရာ ရပ်ဝေးရပ်နီးမှ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သထုံမြို့၌ (၃၂) ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းနှင့်လှူဖွယ်များ စုပေါင်းလောင်းလှူပွဲ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဂိုဏ်းပေါင်းစုံဆရာတော်ကြီးများ ကြီးမှူး၍ ကျောင်းတိုက်အသီးသီးတို့မှ ဂိုဏ်းပေါင်းစုံ သံဃာတော်များ သံဃာ့မဟာပဝါရဏာပြုပွဲနှင့် ပဝါရဏာပြုသံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်များ စုပေါင်းလောင်းလှူခြင်းကို သီတင်းကျွတ်လပြည့်‌ (အဘိဓမ္မာအခါတော်နေ့) မွန်းလွဲပိုင်းက လေးဆူဓာတ်စံရွှေစာရံစေတီတော် တောင်ဖက်မုခ်အနီးရှိ ကလျာဏီသိမ်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး သာသနာ့ဗိမာန်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်