သထုံမြို့နယ်၌ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းပြုလုပ်

သထုံ မေ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး၍ ၂၀၂၅-၂၀၂၆ ပညာစင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖွင့်လှစ်ပေးပို့ချပေးလျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်းရှိ အလယ်တန်းနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမများအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်၊ သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်နှင့် သတ်မှတ်ထားသော စံညွှန်းများ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ မေလ ၁၈ ရက်နေ့မှ စတင်ကာ သုံးရက်ကြာ ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါသင်တန်းတွင် အလယ်တန်းအဆင့်သင်တန်း နည်းပြ (၂၄) ဦးက သင်တန်းသား၊ သင်တန်းသူ(၂၉၉)ဦးအား မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်များကိုလည်း‌ကောင်း မူလတန်းအဆင့် သင်တန်းနည်းပြ (၄၂) ဦးက သင်တန်းသား၊ သင်တန်းသူ (၆၁၈) ဦးအား (K.G)မှ (Grade-4) အထိ သင်ရိုးညွှန်းတန်းဘာသာရပ်များကိုလည်းကောင်း စာတွေ့လက်တွေ့ သင်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)