ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm ) ပထမအကြိမ်ထိုးနှံခြင်း မရှိသေးသည့်ပြည်သူများအား ထိုးနှံပေးလျက်ရှိ
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသည့် အသက်(၁၈)နှင့်အထက် ပြည်သူ များအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ ဖလမ်းမြို့၊ သူနာပြုသင်တန်းကျောင်း၊ ချယ်ရီခန်းမဆောင်၌ ထိုးနှံပေးလျက်ရှိရာ လာရောက်ထိုးနှံသူ (၂၆၀) ဦးရှိကြောင်း သိရသည်။