ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမတွင် Sweet December ကံစမ်းမဲဖောက်ခြင်းအခမ်းအနားပြုလုပ်

ဟားခါး       ဒီဇင်ဘာ ၂

 

ချင်းပြည်နယ် ၊ ဟားခါးမြို့ရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွှဲ ၁ နာရီက Sweet December ကံစမ်းမဲဖောက်ခြင်းအခမ်းအနားပြုလုပ်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဆန်း တက်ရောက်ပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယနေ့ကျရောက်တဲ့ Sweet December အခါသမယမှာ ဝန်ထမ်းအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြ ပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သလိုကြောင်း၊ ယခုမှစ၍ မိမိတို့ဝန်ထမ်း အဆင့်အတန်းအားလုံး ငြိမ်းချမ်းသာယာ လိုရာဆန္ဒပြည့်ဝပါစေကြောင်း ဆုတောင်းစကား ပြောကြားသည်။

ဆက်လက်၍ ကံစမ်းမဲဖောက်ခြင်းအစီအစဉ် ဆက်လက်ဆောင်ရွက်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ Sweet December အထူးဆုငွေ ကျပ် ( ၁ ) သိန်းအပါအဝင် ဗလာမပါ ကံစမ်းမဲဖောက်ခြင်းများ ဆောင်ရွက်ပြီး ဝန်ထမ်းများ ကိုယ်တိုင် ပျော်ရွှင်စွာ ကံစမ်းမဲနှိက်ကြကြောင်း သိရသည်။

 မောင်တက်လမ်း