ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ကျောင်းသန့်ရှင်းသာယာရေး စုပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးမြို့၊ ဟားခါးမြို့တွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် အမှတ် (၁) အခြေခံပညာကျောင်းဝင်းအတွင်း စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက နေရာ (၃) နေရာခွဲ၍ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် က သွားရောက်ကြည့်ရှုအားပေးသည်။