ဟားခါး မေ ၂၁
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်း၊ ရိက္ခာအတွက် အလှူတော်ငွေများ လှူဒါန်းပေးအပ်ခြင်း အခမ်းအနားကို ဟားခါးမြို့ရှိ မြို့မသာသနာပြုကျောင်းတိုက်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်နှင့် ထန်တလန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်တို့က ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၁) ကျောင်းနှင့် သီလရှင်ကျောင်း (၁) ကျောင်းပေါင်း (၁၂) ကျောင်းတွင် သီတင်းသုံးနေထိုင်ကြသော သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်း၊ ရိက္ခာအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေ ကျပ် ၄,၅၅၀,၀၀၀ ကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် ဟားခါးမြို့၊ ကျောဘုတ်သာသနာပြုကျောင်း၏ ဦးစီးပဓာနနာယက၊ ဟားခါး−ထန်တလန် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တပညောဘာသ (မဟာသဒ္ဒမ္မ ဇောတိကဓဇ) အရှင်သူမြတ်ထံမှ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားရုပ်သိမ်းကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)