ချင်းပြည်နယ်

ဖလမ်းမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုလေ့လာ မှတ်သားတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လူအများကြားတွင် ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထများ ဖြစ်လာစေရန်၊ အသိပညာ ဗဟုသုတကြယ်ဝသည့် ကျောင်းသားလူငယ်များ ဖြစ်လာစေရန်နှင့် အစုအဖွဲ့ဖြင့် ပြောဆိုတတ်သည့် အလေ့အကျင့်များ ဖြစ်လာစေရန် ရည်ရွယ်လျက် လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရှလွယ်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

တွန်းဇံမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က တွီးတူမ်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၊စာသင်ခန်း၌ ကျင်းပပြုလုပ်သည်။

တွန်းဇံမြို့နယ်ရုံးCommunity Centre ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများက စာဖတ်ဝိုင်း‌ ဆွေးနွေးပွဲပြုလုပ်

ချင်းပြည်နယ် တွန်းဇံမြို့နယ် ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမတွင် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန်ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများက ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များ ဖြစ်စေရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက်

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသားလူငယ်များဖြစ်စေရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ၊ ဒေသန္တရအဆိုပြု စီမံကိန်းလုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်

၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရအဆိုပြုစီမံကိန်းလုပ်ငန်းလျာထားချက်များအား ရှင်းလင်း တင်ပြခြင်း အစည်းအဝေးကို နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း ( ၂/၂၀၂၃ ) အစည်း အဝေးကို နိုဝင်ဘာလ ၇ ရက်နေ့  မွန်းလွဲ ၂ နာရီခွဲက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ် ဝန်ကြီးချုပ် ရုံးခန်းမဆောင်၌ ကျင်းပရာ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့၌ ပြုလုပ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် လွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

ခိုင်ကမ်းမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ခိုင်ကမ်းမြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅)နှစ် မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်သည့်သွေးလှူဒါန်းပွဲသို့ တက်ရောက်ကာ ထောက်

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး သန့်ရှင်းသာယာလှပရေး၊ ခြင်၊ ယင်ပေါက်ပွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန်နှင့် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး မျက်စိပသာဒဖြစ်ဖွယ် ပတ်ဝန်းကျင်ဖြစ်စေရန် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက်ကြသည်။

ဖလမ်းမြို့၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်

ချင်းပြည်နယ်၊ဖလမ်းမြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး၊စာပေဖတ်ရှုသည့် အလေ့အထရရှိခြင်းဖြင့်အသိပညာဗဟုသုတတိုးပွားရေး၊မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးရည်ရွယ်လျက် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဖါရ်ထောက်ရပ်ကွက်၊ အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပသည်။
Subscribe to ချင်းပြည်နယ်