ချင်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ဦးဆောင်ကြီးမှူး၍ ဟားခါးမြို့၊ ဇေတဝန်တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်ပွဲနှင့် ခင်ပွန်ကြီးဆယ်ပါး ကန်တော့ပွဲ ကျင်းပ
ချင်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ဦးဆောင်ကြီးမှူး၍ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ဇေတဝန် တောရစာသင်တိုက်နှင့် တရားဓမ္မရိပ်သာ၌ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်ပွဲနှင့် ခင်ပွန်ကြီးဆယ်ပါးကန်တော့ပွဲ အခမ်းအနား ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး မိုးဟိန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်များနှင့် ဒေသခံဗုဒ္ဓဘာသာဝင်များ တက်ရောက်ကြသည်။