တီးတိန်မြို့၌(၄၈)ကြိမ်မြောက်တီးတိန်ခရိုင်စုပေါင်းမဟာဘုံကထိန်အလှူတော်အခမ်းအနား ပြုလုပ်ကျင်းပ
ချင်းပြည်နယ် တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဗုဒ္ဓဘာသာဝင်များနှင့် ဒေသခံ ဗုဒ္ဓဘာသာဝင်မိသားစုများ စုပေါင်းကျင်းပ ပြုလုပ်သည့် (၄၈)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက တီးတိန်မြို့ ထေရဝါဒ ဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ပြုလုပ်သည်။