ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်

ဟားခါး ဇွန် ၇

ချင်းပြည်နယ် ရေအရင်းအမြစ်ကော်မတီ၏ ရှေ့လုပ်ငန်းစဉ် ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇွန် ၆ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အနေနဲ့ ရေရရှိရေး ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသရေရရှိရေး ဆောင်ရွက်မှု၊ နှစ်စဉ်ရေရှားပါးမှု ကြုံတွေ့ရသည့်အတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်မည့် လုပ်ငန်းများကို တက်ရောက်လာကြသူများက ဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက်  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးပေါင်ဇလန်းက လူသားများအတွက် ရေရရှိရေး အလွန်အရေးကြီးကြောင်း၊ ရေအလုံအလောက်ရရှိရေးအတွက် ရေအရင်းအမြစ် တည်မြဲအောင်၊ ရေအရင်းအမြစ် ထပ်မံရရှိအောင် ဆောင်ရွက်ရမည့်အကြောင်းများကို  ဆွေးနွေးတင်ပြသည်။ ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများမှ တစ်ဦးချင်း ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)