လိပ်သိုဒေသထွက် တောင်ပေါ်သခွားသီးများ အရွယ်အစားပေါ်မူတည်၍ ဈေးကောင်းရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသခံများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိရာ မိမိတို့၏ နေအိမ်ခြံဝင်းများနှင့် တောင်ယာခင်းများတွင်လည်း သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။