မြဝတီမြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်/မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပ
ကရင်ပြည်နယ် မြဝတီခရိုင်မြဝတီမြို့ အမှတ်(၄)ရပ်ကွက် City Home ခန်းမတွင် စက်တင်ဘာ ၂ ရက် နံနက် ၉ နာရီခွဲက ၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်/မြို့နယ် အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပသည်။