ဘားအံမြို့  မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ဘားအံ မတ် ၁၅

ကရင်ပြည်နယ် ဘားအံမြို့တွင် ဈေးများ မီးလောင်မှုမဖြစ်ပွားရေး၊ မီးလောင်မှုများ ဖြစ်ပွားလာပါက ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန် ရွည်ရွယ်၍ မိးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်မှုအား ယနေ့နံနက် ၈ နာရီက ဘားအံမြို့ မြို့မဈေးကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇာတ်တိုက်လေ့ကျင့်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်  မီးလောင်မှု ဖြစ်ပွားလာပါက ထိရောက်စွာမီးငြိမ်းသတ်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက အချက်ပေး သံချောင်း ခေါက်ခြင်း၊ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားခြင်း၊ လျှပ်စစ်မီးလိုင်း များပိတ်ခြင်း၊ မီးသတ်ဆေးဗူး၊ ရေများ၊ သဲများ၊ အပေါ့စား မီးသတ်စက်ငယ်များဖြင့် မီးငြှိမ်းသတ်ခြင်းများကို မီးလောင်ပြင် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ငယ်၊ လုံခြုံရေးအဖွဲ့ငယ်၊ ပစ္စည်းသယ်ယူရေးအဖွဲ့၊ ပစ္စည်းသယ်ယူရေးအဖွဲ့ငယ်၊ ရေရရှိရေးအဖွဲ့ငယ်၊ မီးငြှိမ်းသတ်ရေးအဖွဲ့ငယ်၊ ဆက်သွယ်ရေးအဖွဲ့ငယ်များကို တာဝန်ပေးအပ်၍ သဏ္ဍာန်တူဇာတ်တိုက်လ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်မှုကို ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဈေးကော်မတီဝင်များ၊ ဈေးသူ/သား တက်ရောက်ခဲ့ကြပြီး ဘားအံမြို့ပေါ်ရှိ မြို့မဈေးအပါအဝင် ဈေး(၆)ဈေးနှင့် ကျေးလက် ဈေး(၃)ဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ သိရသည်။

ခရိုင် (ပြန်/ဆက်)