မြဝတီ မတ်၁၅
ကရင်ပြည်နယ်၊မြဝတီမြို့တွင် ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာယမန်နေ့ ည ၇ နာရီအချိန်၌ ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော်ကြီးကြပ်၍ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်ဇင်ဝင်း ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များက အမှတ်(၄)ရပ်ကွက် နေပြည်သူများအား မီးဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိ၊ သတိရှိစေရေးအတွက် လိုက်လံနှိုးဆော်ခဲ့ကြသည်။
ထိုသို့နှိုးဆော်ရာ၌ ရပ်ကွက်နေပြည်သူများ အနေဖြင့် လျှပ်စစ်မီးသုံးစွဲရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု မဖြစ်စေရေးအတွက်လည်းကောင်း၊ ဆေးလိပ်မီး၊ ခြင်ဆေးခွေများမှတစ်ဆင့် ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းမှု မဖြစ်စေရေးအတွက်လည်းကောင်း ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပေးနှိုးဆော်ခဲ့ကြသည်။ မြို့နယ်မီးသတ်ဦးစီးဌာန အနေဖြင့် ပွင့်လင်းရာသီတွင် မီးဘေးအန္တရာယ် ကြိုတငိကာကွယ်နိုင်ရေးအတွက် အသိ၊ သတိပေး လိုက်လံနှိုးဆော်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်အလိုက် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)