သံတောင်ကြီး ဇွန် ၁၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီထိ စာအုပ်စာစောင် သုတ/ရသ စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်/စာစောင်များ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် သံတောင်ကြီးမြို့နယ်အတွင်းရှိ ဌာနဆိုင် ရာရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ကျောင်းသူကျောင်သားများ၊ လူငယ်လူရွယ်များအား မြို့နယ်စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် စာပေဗဟုတ ကြွယ်ဝပြည့်စုံသော လူငယ်များ ဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်ရုံးချိန်အတွင်း ပုံမှန်ဖွင့်လှစ်ကာ သုတ၊ ရသစာအုပ်စာစောင်များ၊ အသိပညာဗဟုသုတများ ရရှိစေမည့် စာအုပ်စာစောင်များကို ဖတ်ရှုစေခြင်း၊ ငှားရမ်းပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်သည့် စာဖတ်ပရိတ်သတ်များအား အိမ်တိုင်ရာရောက် ကွင်းဆင်းကာ ငှားရမ်းပေးခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်နော်မူ