ကရင်ပြည်နယ်

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်း အမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်အတွက် ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဇွန်လ (၁၇)ရက်နေ့ နေ့လယ် ၂ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်မျိုးစုံဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲ၌ တောင်သူများအား မျိုးစေ့ချကိရိယာများ အခမဲ့ပေးအပ်

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မျိုးစေ့ချကိရိယာ၊ ကောက်စိုက်စက်မျိုးစုံဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်၊ သမ္ဘာန်ကျေးရွာ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်လွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြပြီး တောင်သူများအား မျိုးစေ့ချကိရိယာများ အခမဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က လှိုင်းဘွဲမြို့နယ်၊ နောင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှိုင်းဘွဲမြို့နယ် ပြည်သူ့စစ်(ဌာနေ)နှင့် ပြည်သူ့စစ်(စစ်မှုထမ်းဟောင်း) အဖွဲ့ဝင်များအား စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့စစ်(ဌာနေ)နှင့် ပြည်သူ့စစ် (စစ်မှုထမ်းဟောင်း)အဖွဲ့ဝင်များအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော စစ်ဝတ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၂၈)ခြေလျင်တပ်ရင်း၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဘားအံမြို့နယ်၊ကော့ထော်ကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း(ပထမအကြိမ်) ဖွင့်လှစ်

ဒေသခံပြည်သူများ၏အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ တိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နှင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများထူထောင်နိုင်ရန် ကရင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း(ဘားအံ)မှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် စက်ချုပ်နည်းပညာသင်တန်း(ပထမအကြိမ်)ဖွင့်ပွဲကို ဇွန် ၁၆ ရက် နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကော့ထော်ကျေးရွာ၊ ကော့ထော်ကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပသည်။

လှိုင်းဘွဲမြို့၌ ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ပြည်သူ့စကားဝိုင်း ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်နှင့် မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားနိုင်ရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေစိုးမိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောင်းသားလူငယ်များ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များ ရရှိစေရန်အတွက် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော “ဦးလည်မသုန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့၌ ကျောင်းနေအရွယ်ကလေးများ Placement Test (အထူး) စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိူးမျိူးကြောင့်ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကျောင်းနေရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်မှစ၍ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ရက် ၁၀၀စီမံချက်အတွင်း မြို့ပြန်လည်ထူထောင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေတို့ကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့နယ် ဆိုက်လောင်ထောင်ကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းအစီအစဉ်တွင်ပါဝင်သည့်  အမျိုးသမီးများဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ဇွန် ၁၅ ရက် နံနက်၁၀ နာရီက ဘားအံမြို့နယ် ပေါ့ထော်ကျေးရွာအုပ်စု ဆိုက်လောင်ထောင်ကျေးရွာ၌ ကျင်းပသည်။
Subscribe to ကရင်ပြည်နယ်