ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေဖြင့်ဆောက်လုပ်သည့် အလင်းရောင် စာကြည့်တိုက်ဖွင့်လှစ်
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ငွေကျပ်သိန်း (၂၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေကျပ် (၁၄၆၈၄၀၀ဝိ/-) တစ်ရာလေးဆယ်ခြောက်သိန်းရှစ်သောင်းလေးထောင်ကျပ်ဖြင့် ဆောက်လုပ်ခဲ့သည့် ဘားအံမြို့နယ်၊ နောင်ကုန်း (ဝဲကရင်) ကျေးရွာအုပ်စု၊ အလင်းရောင်စာကြည့်တိုက်ဖွင့်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်အဆောက်အဦရှေ့၌ ကျင်းပသည်။