ကရင်ပြည်နယ်

ဘားအံမြို့၌ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းဖွင့်

ပြည်သူများ၏အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန် မှုဖြင့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနက ဇွန် ၁၅ ရက် နံနက် ၉ နာရီက ဘားအံမြို့ ကရင်ပြည်နယ်လူငယ်စင်တာ၌ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်သည်။

ကြာအင်းဆိပ်ကြီးမြို့၌Placement Test(အထူး)စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး)စာမေးပွဲကို ယနေ့နံနက် ၉နာရီက ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။

ကော့ကရိတ်မြို့ ၌ ကျောင်းနေအရွယ်ကလေးများ Placement Test(အထူး)စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ်၊‌ ကော့ကရိတ်မြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ စ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် placement Test(အထူး) စာမေးပွဲကို ယနေ့နံနက် ၉နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။

မြဝတီမြို့၌ Placement Test(အထူး)စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကိုယနေ့နံနက် ၉  နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။

သံတောင်ကြီးမြို့ ဇိုင်းယာန်းနှစ်ခြင်းဘုရားတွင်  ကလေးများနေ့ အခမ်းအနားကျင်းပ

ကရင်ပြည်နယ် သံတောင်ကြီးမြို့၌ ကလေးငယ်များလူတော်လူကောင်းများဖြစ်လာစေရန်၊ ဗလငါး တန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဇိုင်းယာန်းနှစ်ခြင်းဘုရားကျောင်းမှ ကလေးများနေ့အခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီက ကျင်းပသည်။

ကမမောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ  နိုင်ငံတော်အစိုးရ၏  ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID(Unique Indentity) ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးသည်။ 

ကော့ကရိတ်မြို့တွင် အမျိုးသမီးများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်စောင့်ရှောက်ရေးအသင်းတို့မှ ပူးပေါင်း၍ အမျိုးသမီးများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက Community Centre ၌ ပြုလုပ်ကျင်းပခဲ့သည်။

မြဝတီမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြော

ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ဘားအံမြို့ လုမ္ပနီဥယျာဉ်နှင့် ဇွဲကပင်တောင် အတက်အဆင်းလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ခရီးစဉ်ဒေသများ၌      ခရီးသွားမိဘပြည်သူများ အနေဖြင့် စိတ်အေးချမ်းမြေ့စွာ လည်ပတ်သွားလာ အပန်းဖြေနိုင်စေရေးအတွက် သန့်ရှင်း သာယာလှပစေလိုသည့်ရည်ရွယ်ချက်များဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဇွန် ၁၃ ရက် နံနက်ပိုင်းက လုမ္ပနီဥယျာဉ်နှင့် ဇွဲကပင်တောင် အတက်အဆင်း လမ်းတစ်လျှောက်၌ ဆောင်ရွက်သည်။

မြိုင်ကလေးအမှတ်(၂) ဘိလပ်မြေစက်ရုံတန်(၄၀၀၀)၌ မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲဖြင့် ကြီးမြန်သစ်မျိုး ၁၂၀၀ ပင် စိုက်ပျိုး

ကရင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ဖြန့်ဝေစိုက်ပျိုးရန်အတွက် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀ (နှစ်သိန်းတစ်သောင်းငါးထောင်) ပင်ကို ပျိုးထောင်ထားရှိပြီး ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက မိုးရာသီ(အကြို) သစ်ပင်စိုက်ပွဲအနေဖြင့် ဘားအံမြို့နယ်၊ မြိုင်ကလေး အမှတ်(၂) ဘိလပ်မြေစက်ရုံ တန်(၄၀၀၀)၌ ကြီးမြန်သစ်မျိုး ၁၂၀၀ (တစ်ထောင့်နှစ်ရာ)ပင်ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ကြသည်။
Subscribe to ကရင်ပြည်နယ်