ကရင်ပြည်နယ်

ဘားအံမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အခြေခံပညာအလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းကျင်းပ

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် ဘားအံခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကျင်းပဆောင်ရွက်သည့် အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ဇွန်လ (၁၈)ရက်နေ့နံနက် (၁၀)နာရီက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပြုလုပ်သည်။

ကော့ကရိတ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ် ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့တွင် ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အခြေခံပညာ ကျောင်းများရှိ အသက်(၁၀)နှစ် ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UIDကတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၆ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဒုတိယသမ္မတ(၂)ရာထူးတာဝန်ကိုထမ်းဆောင်နေသော ကရင်ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)ဒေါ်နန်းနီနီအေး ဘားအံလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)အစား ဦးအောင်မြင့်သိန်း ဘားအံလွှတ် တော်ကိုယ်စားလှယ်အမှတ်(၂)အား အစားထိုးတာဝန်ပေးအပ်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ်အတွင်း အာဟာရကြွယ်ဝသည့် ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်အတွင်း နှစ်လက်မအောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ ရှစ်သိန်းသုံးသောင်းကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ရာ ဇွန်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှမြစ်ရေတင်စီမံကိန်းနေရာ၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

ကော့ကရိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အစိုးရ၏ရက် ၁၀၀ လမင်းစီးမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာကျောင်းများ၌ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)ဝင်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။

မြဝတီမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလုပ်ငန်း တိုးမြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း  လမ်းအသုံးပြုသူ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား မော်တော်ယာဉ် နည်းဥပဒေ/ဥပဒေပါ သတ်မှတ်ပြဋ္ဌာန်းချက်များအတိုင်း တိကျစွာ လိုက်နာမှုရှိစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈နာရီက မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်၊ ဘုရားကြီးဝန်း မီးပွိုင့်၌ ဆောင်ရွက်သည်။          

သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များစာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန်ရည်ရွယ်၍Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်စည်သူ(အဖျောက်)၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်စာအုပ်အား ယနေ့နံနက် ၁၀ နာရီက Community  Centre ခန်းမ၌   စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်း

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြရာ သံတောင်ကြီးမြို့တွင် အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များ ကိုစင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခု မိုးတွင်းအချိန်တွင် ဂေါ်ရခါးသီးများလှိုင်လှိုင် ထွက်ရှိသော်လည်း ဝယ်လိုအားကျဆင်းကြောင်း သိရသည်။

ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၁၇)ရက်နေ့၊ မွန်းလွဲ ၂ နာရီက၊ ဘားအံမြို့၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်သည်။

လိပ်သို​ဒေသတွင် လက်ဖက်စိုများ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ မိုးရာသီကာလ လက်ဖက်ရွက်နုများလှိုင်လှိုင်ထွက်ရှိချိန် လက်ဖက်စိုများ ပြုလုပ်ရောင်းချခြင်းဖြင့် အပိုဝင်ငွေရလျက်ရှိသည်။
Subscribe to ကရင်ပြည်နယ်