ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒဂုံတက္ကသိုလ်၊  သန့်ရှင်း သာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံတက္ကသိုလ်၊  သန့်ရှင်းသာယာသပ်ရပ်စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၆ ခုနှစ်၊ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား၊အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် (အမျိုးသား၊အမျိုးသမီး) ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံ မြို့နယ်ရှိ ဗထူး အားကစားခန်းမတွင် ကျင်းပသည်။

စစ်ကိုင်းမြို့တွင် ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းခရိုင်၊ မြို့နယ်စိုက်ပျိုးတိုးမြှင့်ရေး ညှိနှိုင်းတိုးမြှင့်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနံက်ပိုင်းက ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

လမ်းမတော်မြို့နယ်၌ လူငယ်စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်က  ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၄) နှစ်အောက် U14 (Boys) Royal-D Cup (2026) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂:၃၀)နာရီတွင်  မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီး ဌာန ဘောလုံးအားကစားကွင်းတွင် ကျင်းပကြောင်း သိရသည်။

လွိုင်ကော်တက္ကသိုလ်တွင် ခရိုင်အဆင့်မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်နယ်သစ်တောဦးစီးဌာနက မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းပြုလုပ်ရာ ကယားပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်နှင်းနှင်းရီနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများတက်ရောက်ခဲ့သည်။

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းစိုးစိုးထွေး ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်လေးများအား အာဟာရဖြည့် စားသောက်ဖွယ်ရာများ လှူဒါန်း

ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်းစိုးစိုးထွေးသည် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့၊ နံနက်ပိုင်းက ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်လေးများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ လှူဒါန်းသည်။

ငပုတောမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါဘေးမှ ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ အခြေခံပညာကျောင်းများနှင့် နေအိမ်များသို့လှည့်လည်ကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်(Abate)ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်အကောင်းမြင်စိတ်အကြောင်း" အသိပညာပေး Talk Show ပြုလုပ်

လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ "လူငယ်နှင့်အကောင်းမြင်စိတ်အကြောင်း" အသိပညာပေး Talk Show ပြုလုပ် လမ်းမတော် ဇူလိုင် ၁၃ မြို့နယ်ပြန်/ဆက်

မိုင်းပျဥ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ