အမြို့မြို့အနယ်နယ်သတင်းများ

Dec 15,2025
ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားပြီး အားကစားပြိုင်ပွဲမှတစ်ဆင့်ဌာနအချင်းချင်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်မှုစွမ်းအား တိုးတက်မြင့်မားလာစေရေးရည်ရွယ်၍ ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဌာနပေါင်းစုံစားပွဲတင် တင်းနစ်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ လူငယ်စင်တာ၌ ကျင်းပခဲ့သည်။
Dec 15,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပစာပေများ ဖတ်ရှုသည့်အလေ့အကျင့်များရရှိစေရေး၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ယမန်နေ့နံနက် (၁၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်းပါးရှင် လင်းနွေးအိမ်ရေးသားသည့် “ယနေ့ခေတ်ကိုအသုံးချမှု မှန်ကန်ခြင်း” ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2025
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေးဌာနပိုင် ဖူဆယ်ဘောလုံးကွင်းဖွင့်ပွဲနှင့် ဖူဆယ်ဘောလုံး ပြိုင်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်နေ့ကအမှတ်(၄) မြန်မာနန်း ရပ်ကွက်တွင် ကျင်းပခဲ့ရာ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း (founder) ဦးသန်းရွှေ၊ ခရိုင်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
Dec 15,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ အမှတ်(၃)၊ငှက်ပစ်တောင်ရပ်၊ မိုးကုတ်ဝိပဿနာရိပ်သာဘေး၌ ဒီဇင်ဘာ ၁၄ ရက်၊ ညနေ ၄ နာရီခွဲအချိန်ခန့်က လူနေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Dec 15,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ စျေးကွက်အတွင်း အသင့်သောက်အချိုရည်အမျိုးမျိုး ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက် (၉)နာရီက မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြသည်။
Dec 15,2025
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကကြီးမှူး၍ မူပိုင်ခွင့်ဆိုင်ရာဥပဒေများဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၄ ရက်နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် ဒုတိယထပ် အစည်းအဝေးခန်းမတွင်  Online/In person (Hybrid)စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
Dec 15,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၌ အခြေခံပညာမူလတန်းလွန်ကျောင်း(အုတ်သျှစ်ကုန်း)၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီကစတင်၍ အားကစားလှုပ်ရှားမှုအားကစားပြိုင်ပွဲများကျင်းပခဲ့ကြောင်း သိရသည်။