မန္တလေး ဩဂုတ် ၂၃
မန္တလေး၊ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရှိ မဟာခေမိကာရာမ သစ်ဆိမ့်တိုက်၊ ရတနာကျောင်းသစ်ကျောင်းရှိ ရတမာဓမ္မဗိမာန်တော်ကြီးတွင် ယာယီနေရပ်စွန့်ခွပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃) နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မဟာခေမိကာရာမ သစ်ဆိမ့်တိုက်၊ ရတနာကျောင်းသစ်ကျောင်း ဆရာတော် ဥူးဥတ္တရ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အောင် မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဝင်းမျိုးထွန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်းနှင့် တာဝန်ရှိသူများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အားပေးစကား ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာမိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြသည်။
ဆက်လက်၍ ယာယီနေရပ်စွန့်ခွာပြည်သူများကိုယ်စား ဦးအောင်ဇော်မျိုး မြကန်သာကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပးစကားပြာကြားသည်။
၎င်းကျောင်းတိုက်တွင် ရောက်ရှိနေကြသော ယာယီနေရပ်စွန့်ခွာပြည်သူများမှာ မတ္တရာမြို့နယ်မှ အိမ်ထောင်စု ၈ စု၊ ကျား ၁၅ ဦး၊ မ ၁၆ ဦး ၊ ပေါင်း ၃၁ ဦး၊ လားရှိုးမြို့နယ်မှ အိမ်ထောင်စု ၂ စု ကျား ၁ ဦး၊ မ ၅ ဦး၊ ပေါင်း ၆ ဦး၊ မြိုင်မြို့နယ်မှ အိမ်ထောင်စု ၆ စု ကျား ၁၂ ဦး၊ မ ၇ ဦး ပေါင်း ၁၉ ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အိမ်ထောင်စု ၄ စု ကျား ၄ ဦး၊ မ ၉ ဦး ပေါင်း ၁၃ ဦး၊ အင်းတော်မြို့နယ် အိမ်ထောင်စု ၂ စု ကျား ၄ ဦး မ၂ ဦး ပေါင်း ၆ ဦး၊ ဗန်းမောက်မြို့နယ်မှ အိမ်ထောင် ၂ စု ကျား ၇ ဦး၊ စစ်ရှောင်စုစုပေါင်း အိမ် ထောင်စု ၂၄ စု၊ ကျား ၄၃ ဦး၊ မ ၃၉ ပေါင်း ၈၂ ဦးဖြစ်ကြပြီး အိမ်ထောင်စု တစ်စုလျှင် ဆီငါးဆယ်သား၊ ဆန်တစ်ပြည် ၊အမျိုးသားဝတ် ချည်ချောလုံချည် တစ်ကွင်း၊ အမျိုးသမီးဝတ်လုံချည် တစ်ထည်၊ စောင်တစ်ထည်၊ သဘက်တစ်ထည်၊ ဒံအိုး တစ်လုံး၊ စတီးစလုံ တစ်လုံး၊ တီရှပ်အင်္ကျီ နှစ်ထည်၊ ဆပ်ပြာတောင့် တစ်တောင့်၊ နှစ်ယောက် အိပ်ခြင်ထောင် တစ်လုံး၊ စတီးဓါး တစ်ချောင်း၊ စတီဟင်းခပ်ဇွန်း နှစ်ချောင်း ၊ စတီးသောက်ရေခွက် တစ်ခွက်၊ စတီးပုဂံပြား နှစ်ချပ်၊ ပလပ်စတစ်ရေ ချိုးခွက် တစ်လုံး၊ အောက်အခင်းစ တစ်စ' ပါဝင်သော လေးထောင့်ပလပ်စတစ်ပုံး တစ်ပုံးစီတို့အား ထောက်ပံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)