Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စဉ့်ကိုင်မြို့နယ်၌ အမျိုးသမီးကိုယ်လုံပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်အမျိုးသမီးရေးအရာအဖွဲ့၊ အခြေခံပညာဦးစီးဌာနနှင့် ကာရာတေးကလပ်အသင်းတို့ပူးပေါင်း၍ အမျိုးသမီးကိုယ်လုံပညာသင်တန်းကို ဩဂုတ်လ ၇ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့နံနက် ၉ နာရီအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို အ.ထ.က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ
Aug 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိရှိစေရန်ရည်ရွယ်၍ အ.ထ.က(ထန်းတပင်)ကျောင်း၊ လှိုင်ရတနာခန်းမတွင် ယမန်နေ့က စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောပွဲ၊ နံရံကပ်နှင့်စာအုပ်/စာစောင်များ ပြသ
Aug 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိရေး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးဟောပြောပွဲ၊ နံရံကပ်နှင့်စာအုပ်/စာစောင်များပြသခြင်းကို ယနေ့နံနက်၁၁နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူရည်ချွန်များ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သောကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ…
Aug 21,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူရည်ချွန်များ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်ကကျောက်တန်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မှော်ဝန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ် ပြည်သူစာကြည့်တိုက်တွင် စာဖတ်ဝိုင်း ကျင်းပ
Aug 21,2024
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ် ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က စာရေးဆရာ ဗန်းမော်သိန်းဖေ ရေးသားသည့် "မျှဝေလိုသော အတွေးများ ၅" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်ရေသောက်ဒေသ မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင် ဆည်ရေသောက်ဒေသ ကိုင်းကျေးရွာအုပ်စု၊ ကိုင်းကျေးရွာတွင် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများကို ယမန်နေ့နံနက်၁၁နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသခံပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုများမရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က မြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခွန်ပေးဆောင်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Aug 21,2024
နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်အခများ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝကောက်ခံရရှိရေးအတွက် အခွန်ပေးဆောင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပရာ နေပြည်တော်၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာတင်၊ ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် ခရိုင်/ မြို့နယ်များမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7192
Page
7193
Page
7194
Page
7195
Current page
7196
Page
7197
Page
7198
Page
7199
Page
7200
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department