အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2024
နွားနှင့် ဆိတ်မေထုန်မဲ့သားစပ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄ မက) ယမန်နေ့က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည်။
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ကျောင်းကျန်းမာရေးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ် ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(တောင်မင်းတည်း)တွင် ဆောင်ရွက်ခဲ့သည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်တွင်  မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာ စားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာလျှင် (၆၇၃၅)ကျပ်နှုန်းဖြင့် ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်ဆုံဆိုင်ရှေ့တွင် ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
Aug 21,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို သြဂုတ်လ ၂၁ ရက်မှစ၍ နံနက် ၆ နာရီမှ မွန်းလွဲ ၁နာရီထိ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 21,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးများအား စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် ကာယဉာဏ ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် အဆိုပါရုံးရှိ (Community Center)ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် သင်္ချာဉာဏ်စမ်းပြိုင်ပွဲများကို ယမန်နေ့လယ် (၁)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။ 
Aug 21,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘဏ္ဍာရေးဌာနမှဖွင့်လှစ်သော ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း(၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ဖွင့်လှစ်ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကားပြောကြားသည်။
Aug 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ရုံးဖွင့်ရက် (၂၁) ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှစတင်၍ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးနေကြောင်း သိရသည်။
Aug 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ဩဂုတ် ၁၃ ရက် မှ ၁၆ ရက်အထိ မိုးများ အဆက်မပြတ်ရွာသွန်းမှုများကြောင့် နမ့်တွမ်ချောင်း၊နမ့်စလိုင်ချောင်း၊ နမ့်မယ်မှန်းချောင်းတို့မှ ရေများ မြင့်တက်ခဲ့ပြီး မြို့၏ အရှေ့ဘက်ရှိ အနိမ့်ပိုင်း လူနေအိမ်နှင့် လွယ်ကွင်းအတွင်း ရေများဝင်ရောက်ခဲ့ရာ ယမန်နေ့က ချောင်း‌ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်‌ကြောင်း သိရသည်။