အမြို့မြို့အနယ်နယ်သတင်းများ

Aug 21,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ဌာနဆိုင်ရာများသည် စစ်ကြောင်း(၅)ကြောင်းဖြင့် နောင်ခဲကျေးရွာအုပ်စု၊ နောင်ခဲကျေးရွာနှင့် ပင်တွန်ကျေးရွာအုပ်စု၊ ထီပုန်းကျေးရွာများသို့ ယနေ့နံနက် ၉ နာရီအချိန်ကသွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Aug 21,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အသားစားရိက္ခာများဖူလုံစေရေးအတွက်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းကျေးရွာများသို့ ဒေသတိုင်းရင်းကြက်များမွေးမြူနိုင်ရေး စီစဉ်ထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 21,2024
မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်တွင်း ငါးမျိုးစိတ်စိုက်ထည့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့ပတ်လမ်း၊ ကျွဲစွန်းဆိပ်ကမ်း၌ ကျင်းပပြုလုပ်သည်။
Aug 21,2024
စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် အခြေခံစက်ချုပ်နည်း(မွမ်းမံ)သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်၊၊
Aug 21,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား(အငြိမ်းစား)များအား ပင်စင်လစာငွေများ ယနေ့နံနက်၈နာရီခွဲအချိန်မှစ၍ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Aug 21,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.မ.က(ကူကြီး)ကျောင်းတွင် ကျောင်းသား/ ကျောင်းသူများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍ နွားနို့တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Aug 21,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများစီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား/သူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Aug 21,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မျှစ်များ ဈေးနှုန်းအတက်အကျမရှိဘဲ ရောင်းအားကောင်းလာခြင်းနှင့်အတူ ရာသီမရွေးစားသုံးနိုင်သော မျှစ်ထုပ်လုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ များလာကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။