Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်လေးပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိ
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်ကမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသော လူကြီးဘဝသဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်း သင်တန်းဖွင့်လှစ်
Aug 22,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှဦးစီးကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကျရေစီးဆင်းမှုကြောင့် ပြိုကျပျက်စီးတံတားအား ယာယီသွားလာနိုင်ရေး ဆောင်ရွက်
Aug 22,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ခိုကဲ-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း (ဓါတ်လုံစေတီတော်သွားလမ်း)ပေါ်ရှိ တံတားတစ်စင်း ပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ အဆိုပါတံတားအား ယာယီသွားလာနိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်
Aug 22,2024
နိုင်ငံ့အကျိုးသယ်ပိုးနိုင်သည့် လူတော်လူကောင်းများ၊ ဘက်စုံထူးချွန်သော လိမ္မာရေးခြားရှိသော၊ အတွေးအခေါ်အကြံအဆကောင်းသော၊ ထက်မြက်သော၊ ပူးပေါင်းဆောင်ရွက်တတ်သော၊ ဗဟုသုတနှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ဆရာမများ ပူးပေါင်းကာ ၃ ထပ်ဆောင်နေရာ၌ စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ်တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Aug 22,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကွန်ဟောင်းကျေးရွာတွင် နိုင်ငံတော်အစိုးရက ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာအုပ်စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ နိုင်ငံတော်မှမတည်ထောက် ပံ့လှူငွေ ကျပ်သိန်း(၁၅၀)ဖြင့် မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် ကျေးရွာစာကြည့်တိုက် အဆောက်အအုံဆောက်လုပ်မည့်မြေနေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ပန္နက်တင်အခမ်းအနား ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့၌ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ
Aug 22,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကို ယနေ့ နေ့လယ် ၂ နာရီက ပညာအလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အိုးဘိုယာပြင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများဆောင်ရွက်
Aug 22,2024
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သည့် အိုးဘိုယာပြင်-လွတ်လပ်ရေးကျောက်တိုင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ
Aug 22,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်မနေ့မွန်းလွဲ(၂)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7173
Page
7174
Page
7175
Page
7176
Current page
7177
Page
7178
Page
7179
Page
7180
Page
7181
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department