Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါင်းတည်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု
Aug 22,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၈ နာရီက သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများအား မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လိပ်သိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကာယစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်
Aug 22,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကျောင်းသား/ ကျောင်းသူများ ကာယစွမ်းရည်များဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ မြို့နယ်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကာယစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ
Aug 22,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှုအမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက်ရည်ရွယ်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က လှိုင်းဘွဲမြို့နယ် အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့်(၁) သင်တန်းဖွင့်လှစ်မည်
Aug 22,2024
စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့တို့ပူးပေါင်း၍ အမျိုးသားအဆင့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းကို စက်တင်ဘာလ (၉)ရက်နေ့တွင် မုဒုံမြို့နယ်ရှိ စိုက်ပျိုးရေးအသက်မွေးမှုသင်တန်းကျောင်း၌ ဖွင့်လှစ်မည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းပြပွဲ တက်ရောက်
Aug 22,2024
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဆောင်ရွက်သည့် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းပြပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့နယ် နာရီကန်ကျေးရွာအုပ်စု၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ် စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက် စာကြည့်တိုက်များ၊ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များနှင့် စံညီစာကြည့်တိုက်များ ရေရှည်ရှင်သန်တည်တံ့စေရေးနှင့် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရေးအတွက် ယမန်နေ့ညနေပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မြို့နယ်စာကြည့်တိုက်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ မန္တလေးတိုင်းဒေသကြီးအဆင့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ
Aug 22,2024
၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ ဖြိုရေးရက်သတ္တပတ်များ မန္တလေးတိုင်းဒေသကြီးအဆင့် အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး၊ မြို့တော်ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီးဒေါ်မမ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးဒေါက်တာဝင်းနိုင်၊ တိုင်းဒေသကြီးပညာရေးမှူးနှင့်သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ဆေးရုံအုပ်ကြီးများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကျန်းမာရေးစစ်ဆေးကုသခြင်း ဆက်လက် ဆောင်ရွက်ပေး
Aug 22,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းဗဟို(ရန်ကုန်-ရုံးခွဲ)မှ ကွင်းဆင်း၍ မြို့နယ်အတွင်း တီဘီရောဂါရှာဖွေရေးစက်ကြီးများဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းကို (၅၁) ရပ်ကွက်၊ ပြည်တော်အေးဓမ္မာရုံတွင် ယနေ့ နံနက် ၉ နာရီခွဲက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7174
Page
7175
Page
7176
Page
7177
Current page
7178
Page
7179
Page
7180
Page
7181
Page
7182
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department