အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို အ.လ.က ဖလံရုံကျောင်း၌ ယမန်နေ့နံနက်က ကျင်းပသည်။
Aug 23,2024
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ် ဖြန့်ဖြူးသူများက သက်သာသောဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ ယနေ့ နံနက် ၇ နာရီက မြို့မဈေးဝင်းအတွင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Aug 23,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံကိန်းဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာကောင်းပြည့်သော်ရေးသားသည့် “အရည်အချင်းနှင့်အောင်မြင်ကြီးပွားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
Aug 23,2024
မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ‌ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသက်မွေးဝမ်းကျောင်းပညာများ ကျွမ်းကျင်စွာ တတ်မြောက်စေရန်၊ တစ်ဖက်တစ်လှမ်းမှ မိသားစုအပိုဝင်ငွေ ရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ဖန်စီထိုးနည်းသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Aug 23,2024
အခြေခံပညာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးနှင့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး သုံးစွဲမှု ပပျောက်ရေးအသင်း (ဗဟို-မန္တလေး) (AEDA-Mdy)တို့ ပူးပေါင်းကျင်းပသည့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်အသိပညာပေး ဟောပြောပွဲကို​​ ယမန်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်  အမှတ်(၂၈) အ​ခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Aug 23,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြပွဲပြိုင်ပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ဌာနမှူးများ၊ ကထိကများ၊ အထူးပြုဘာသာရပ်ပေါင်းစုံ  ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။
Aug 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။