အမြို့မြို့အနယ်နယ်သတင်းများ

Aug 23,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က) သရက်ချောင်း ကျောင်းပညာရတနာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Aug 23,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်ဘုတ်၌ ယနေ့နံနက်ပိုင်းမှစ၍ Mpox (မျောက်ကျောက်) ရောဂါကြိုတင်ကာကွယ်ရေးနှိုးဆော်မှု ပိုစတာပြသထားသည်။
Aug 23,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြင်ပဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီက  ကျင်းပပြုလုပ်ခဲ့သည်။
Aug 23,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ ပြည်သူများစာဖတ်သည့်အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာ ဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများ ကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးရုံးနှင့် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းသို့ သွားရောက်ငှားရမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Aug 23,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ဇူလိုင်လ ဒုတိယအပတ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနိမ့်မြုပ်သည့် အမှတ်(၃)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသည့် ရေဘေးသင့် ပြည်သူများအား  mytel ဆက်သွယ်ရေး အော်ပရေတာမှ တာဝန်ရှိသူများတို့က  စားနပ်ရိက္ခာများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Aug 23,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လှိုင်းဘွဲတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ နယ်လှည့်ဆေးကုသရေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက လှိုင်းဘွဲမြို့ အောင်မြင်သာယာဘုန်းတောင်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
Aug 23,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် ကမ်းပါးပြိုပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု(၂)စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။