ကျောက်ဆည်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြပွဲ ပြိုင်ပွဲများ ကျင်းပ

စဉ့်ကိုင် ဩဂုတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြပွဲပြိုင်ပွဲ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနအသီးသီးမှ ဌာနမှူးများ၊ ကထိကများ၊ အထူးပြုဘာသာရပ်ပေါင်းစုံ  ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်ပြပွဲ/ပြိုင်ပွဲ အခမ်းအနားတွင် ပါမောက္ခချုပ်ဒေါက်တာ ရီရီဦးမှ အဖွင့်မှာစကား ပြောကြားပြောကြားခဲ့ပြီး  ဒုတိယပါမောက္ခချုပ် ဒေါက်တာဒေါ်မြင့်ရီမှ အမှတ်ပေးစည်းမျဥ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဖိတ်ကြားထားသော အကဲဖြတ်အဖွဲ့များဖြစ်သည့် ဒုတိယပေါမောက္ခချုပ်များ၊ ဌာနအသီးသီးမှဌာနမှူးများ၊ ကထိကများ၊ အထူး​ပြု ာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူများက ပြခန်းများကို လှည့်လည်ကြည့်ရှုအကဲဖြတ်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)