အမြို့မြို့အနယ်နယ်သတင်းများ

Aug 30,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့်ဘေးကင်းစွာပြုမှုနေထိုင်ခြင်း၊ ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများ လျှော့ချနိုင်စေရန် ရည်ရွယ်၍ အသိပညာ ပေးဟောပြောပွဲကို  ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ရှိ ဝဲဒေါင့်ကျေးရွာအုပ်စု ဝဲဒေါင့်ကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် ကျူဇောင်းကျေးရွာတို့တွင် စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ အိမ်ထောင်စုများအလိုက် ပြောင်းရွှေ့စီစဥ် ဆောင်ရွက်ထားပြီး ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့်အဖွဲ့ဝင်များ၊ သဘာဝ​​​ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်များက ရေဝင်ရောက်သည့် ကျေးရွာများအား လှည့်ပတ်ကြည့်ရှုကာ သောက်ရေသန့်နှင့် အာဟာရဖြည့်အစားအစာများ ကူညီထောက်ပံ့ပေးလျက်ရှိသည်။
Aug 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ထုံးဖိုကျေးရွာနှင့် ဒရောက်ကူး ကျေးရွာတို့တွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် စာကြည့်တိုက်အဆောက်အဦသစ်များဆောက်လုပ်လျက်ရှိရာ စာကြည့်တိုက် အဆောက်အဦသစ်များကို ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
Aug 30,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်မြို့နယ် ညောင်လွန့်ကျေးရွာအခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းအခြေပြု ဌာနဆိုင်ရာပေါင်းစုံ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက အဆိုပါကျောင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Aug 30,2024
၂၀၂၄ ခုနှစ် ကယားပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
Aug 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်၊ သန်လျင်၊ ကျောက်တံတားခရိုင်တို့၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲက ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီး ဆုပေးပွဲအခမ်းအနားကို ၎င်းနေ့ ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ တိုင်းရင်းသားကျေးရွာ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်စာရေးဆရာအသင်းမှ ကြီးမှူးကျင်းပသော အသိပညာဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ညောင်လေးပင်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း လင်းရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။