Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ အ.မ.က(၁၀ ရွာ)ကျောင်းတွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသား ကျောင်းသူများကို အာဟာရပြည့်နွားနို့နှင့် ကြက်ဥတိုက်ကျွေး
Aug 30,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီး ဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင် ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ Sunjin Myanmar Company ၊ မိုးရိပ်ရှမ်းတောင်ပရဟိတအသင်း၊ ကရုဏာရှင်လူမှုကူညီရေးအသင်းနှင့် ရောင်စုံပန်းခင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယမန်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၁၀)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်(၄)ခုဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြဆောင်ရွက်
Aug 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ လက်ဆွဲကောက်စိုက်စက်(၄)ခုဖြင့် ဗီယက်နမ်မျိုးစပါးအား စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၄၁၉(B)ကွန်းညှပ်စင်ကွင်းအတွင်းရှိ တောင်သူဦးခင်မောင်အေး၏ လယ်မြေ(၁)ဧကတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Aug 30,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး မြေစိုက်ဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ အမှတ်(၂) မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွင် စုပေါင်းစိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ် တောင်းကောက်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီး
Aug 30,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဖြင့် တောင်းကောက်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ၏ ဆဋ္ဌအကြိမ် ဆဋ္ဌအစည်းအဝေးကျင်းပ
Aug 30,2024
အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တတိယအဖွဲ့ခွဲ ဆဋ္ဌအကြိမ် ဆဋ္ဌအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ သီတင်းသုံးတော်မူရာ မဟာနာယကကျောင်းတော်ကြီး၏ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေး သင်တန်းဖွင့်လှစ်…
Aug 30,2024
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော "ကွင်းဆင်းဆောင်ရွက်သူများအတွက် ပြန်ကြားဆက်သွယ်ရေးသင်တန်းဖွင့်ပွဲ"ကို ယမန်နေ့နံနက်ပိုင်းက အသင်းရန်ကုန်ရုံးခွဲတွင်ပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌပါမောက္ခဒေါက်တာမျိုးညွန့်တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့၌ ပင်ပိုင်းဆိုင်ရာမျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းဖွင့်လှစ်
Aug 30,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ပြည်သူများအား သစ်သီးဝလံပင်များတွင် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ်များ ရင်းနှီးကျွမ်းဝင်လာစေရန်နှင့် ပင်ပိုင်းဆိုင်ရာ မျိုးပွားနည်းစနစ် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများ သိရှိလာစေရန် ရည်ရွယ်၍ ပင်ပိုင်းဆိုင်ရာ မျိုးပွားခြင်း နည်းစနစ်များ တောင်သူနည်းပညာပေး သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ခန္တီးခရိုင်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7028
Page
7029
Page
7030
Page
7031
Current page
7032
Page
7033
Page
7034
Page
7035
Page
7036
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department