အမြို့မြို့အနယ်နယ်သတင်းများ

Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (အမျိုးသားခန်းမ) တွင် ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Aug 29,2024
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ "လင်းရောင်နီဦး" စာကြည့်တိုက် ရှင်သန်ခိုင်မာ၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Aug 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အမျိုးသားခန်းမ၌ ယနေ့နံနက် (၉) နာရီ  အချိန်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
Aug 29,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့‌နံနက်ပိုင်းက (အ.ထ.က) ပေါင်ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့သည်။
Aug 29,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက ညောင်ရွှေမြို့နယ်၊ သာလေးကျေးရွာရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရုပ်ရှင်တော်မြတ်များအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြပြီးဘုရားအတွက် အလှူငွေများ လှူဒါန်းပေးကြရာ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံယူကြောင်း သိရသည်။
Aug 29,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အထက်တန်းဆင့်သင် ကျောင်းသား/ကျောင်းသူများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပိုင်းဆိုင်ရာ‌ အခြေခံအသိအမြင် ဟောပြောပို့ချမှုအခမ်းအနားကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 29,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအသိပညာပေး ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ ​အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
Aug 29,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ ပညာရေးထူးချွန်ပြီး လိမ္မာယဉ်ကျေးသော လူကောင်းလူတော်များ ပေါ်ပေါက်လာစေရန်အတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ ဟိတဓရဖောင်ဒေးရှင်းနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ(၃၈)ဖြာ မင်္ဂလာနှင့် ယဉ်ကျေးလိမ္မာသင်တန်းအထောက်အကူပြု ကလေးအထူးတရားပွဲကို ယနေ့ ချောင်းဆုံမြို့နယ် ကွမ်သဲ(အ.ထ.က)ကျောင်းနှင့် ချောင်းဆုံ (အ.ထ.က)ကျောင်းတို့တွင် ကျင်းပသည်။