Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လိပ်သိုဒေသတွင် ရိုဘတ်စတာ (Robusta) ကော်ဖီပင်များအား ပိုမိုတိုးချဲ့စိုက်ပျိုးလာ
Sep 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကော်ဖီစိုက်ပျိုးသူများနှင့် စတင်စိုက်ပျိုးသူ ဒေသခံတောင်သူများသည် ယခုနှစ် စိုက်ပျိုးရာသီ ဇွန်လမှ စတင်၍ စက်တင် ဘာလဆန်းအထိ ရိုဘတ်စတာ (Robusta) ကော်ဖီမျိုးပင်များကို ကြိုးပမ်းရှာဖွေတိုးချဲ့စိုက်ပျိုးနေလျက်ရှိကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်၌ (VDP) စီမံကိန်းဖြင့် ကျေးရွာများတွင် ကွန်ကရစ်လမ်းများခင်းပေး
Sep 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာများတွင် ကွန်ကရစ်လမ်းများ ခင်းပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေတောကြီးကျေးရွာအုပ်စု၊ ဘလုံ့ကျေးရွာတွင် (VDP)စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညိုမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းကွင်းဆင်းဆောင်ရွက်
Sep 02,2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်နိုင်ရေး မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်းရှိ ငါးကယ်ကျေးရွာအုပ်စု၊ ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ထိန်တောကျေးရွာအုပ်စုများသို့ အဖွဲ့များခွဲ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် မိုးလယ်မိုးရွာသွန်းမှု ကောင်းခြင်းနှင့်အတူ ပဲစင်းငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေ
Sep 02,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးလယ်မိုးရွာသွန်းမှုကောင်းခြင်းနှင်အတူ ပဲစင်ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ပဲစင်းငုံခုတ်သိမ်းချိန် အထွက်နှုန်းကောင်းရန် သေချာ သလောက်ရှိနေကြောင်း တက်မကျေးရွာ တောင်သူဦးမောင်ဌေးက ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ် ရပ်ကွက်ကြီးများအတွင်းရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေစီးရေလာကောင်းမွန် စေရန်အတွက် ရေနုတ်မြောင်းများတွင် အမှိုက်များနှင့်နုန်းများ…
Sep 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့အစဉ်အမြဲသန့်ရှင်းလှပစေရန်နှင့် ပြည်သူများစည်းကမ်းတကျအမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေနုတ်မြောင်းများတွင် အမှိုက်များနှင့် နုန်းများကို ဆယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် ရေကြီးနစ်မြုပ်ပြန်ကျချိန်တွင် ကျရောက်တတ်သော ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Sep 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် တောင်သူများ မိုးစပါးဖျက်ပိုးအန္တရာယ်မှ ကင်းဝေးစေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေ့စားဝန်ထမ်းများအား ကျန်းမာရေးမှူး(၄)သင်တန်းဖွင့်ပွဲကျင်းပ
Sep 02,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နေ့စားဝန်ထမ်းများအား ကျန်းမာရေးမှူး(၄)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်
Sep 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
7004
Page
7005
Page
7006
Page
7007
Current page
7008
Page
7009
Page
7010
Page
7011
Page
7012
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department